Synthesis Productions

Together With MPT ep 27 ( Kalaw )

ဒီအပတ်ရဲ့ #MPTနဲ့ အတူတကွ အစီအစဉ် အပိုင်း (၂၇) မှာတော့ ရှမ်းပြည်နယ်ရဲ့ ထင်းရှူးမြို့တော်လို့ ထင်ရှားတဲ့ ကလောမြို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ကလောမြို့ ဆိုတဲ့အမည်က ကလောက်ဆိုတဲ့ ပလောင်စကားကနေ ဆင်းသက်လာတယ်ဆိုတာကို ဒေသခံတစ်ဦးကပြောပြလို့ သိရှိခဲ့ရပါတယ်။ နှစ်ပေါင်း(၁၀၀)ကျော်နေပြီဖြစ်တဲ့ ကလောဘူတာရုံကိုလည်း သွားရောက်လေ့လာရင်း ကလောမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀၀)ကျော်ကတည်းက တည်ထားကိုးကွယ်ခဲ့တဲ့ ဆုတောင်းပြည့်နှီးဘုရားကြီးကိုလည်း သွားရောက်ဖူးမြှော်ခွင့်ရခဲ့ပါတယ်။ ကလောမြို့ ရှိ MPT သုံးစွဲသူပရိတ်သတ်များနဲ့ စည်ကားနေတဲ့  MPT ရဲ့ Road Show မှာလည်း ၀င်ရောက်ဆင်နွှဲခဲ့ပါသေးတယ်။ " MPT တာဝါတွေ တိုးချဲ့ လာတော့ ဖုန်းလိုင်းတွေလည်းပိုပြီးကောင်းလာတယ်...အင်တာနက်သုံးရတာလည်းပိုအဆင်ပြေတယ်... ကလောမြို့ သူမြို့သားတွေကတော့ အချင်းချင်းဆက်သွယ်ဖို့သာမက စီးပွားရေးလုပ်ငန်းတွေအတွက်လည်း MPT ကိုအသုံးပြုကြတယ်" လို့ ဒေသခံတွေကပြောပြခဲ့ပါတယ်။

Videos

MySQL: 0.0005 s, 3 request(s), PHP: 0.0040 s, total: 0.0044 s, document retrieved from cache.